Wednesday 29 April 2009

Autorun အားပြင်ဆင်ကြရအောင်ဗျာ .Virus မကိုက်အောင်ပေါ့

Removal Devices များမှ Virus များ Computer အတွင်းသို့ဝင်ရောက်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါ၍ အောက်ပါအချက်အနည်းငယ်ကိုလိုက်နာရုံဖြင့်မိမိတန်ဖိုးရှိလှစွာသော ကွန်ပြူတာလေးအား Virus ၀င်ရောက်မှု အန္တယ်မှ ရာနှုံး ပြည့်နီးပါးကာကွယ်နိုင်မည်ဖြစ်ပါသည်။
ဦးစွာ အားဖြင့် စကားခံရန်ရှိသည်မှာ ကျွန်တော်သည် Microsoft Platform ဖြစ်သော Microsoft Window XP အားဦးတည် အဓိက ထား၍ရေးသားပါသည်။
Microsoft Window Xp တွင် ပါဝင်သော Media Presentation Feature တစ်ခုဖြစ်သော Autoplay Feature သည် Virus ရေးသားသော သူများအတွက်အဓိက ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။
Autoplay ၏အလုပ်လုပ် ပုံမှာ စကားလုံး အဓိပါယ်အရပင် အလိုအလျောက် အလုပ်လုပ် ခြင်းဟုအကြမ်းဖြင်းအားဖြင့် ဖွင့်ဆိုလျှင် သူဟာ ဥပမာအားဖြင့်
Cd တစ်ခွေ Autoplay ဖို့ရာ အခွေကတော့ Drive ထဲကိုသူ့ဘာသာသူပျံပြီးဝင်သွားမှာတော့မဟုတ်ပါဘူး... အဲဒါဆိုရင် အဖြေကတော့ ကျွန်တော်တို့ Drive
ကို Open လုပ်ပြီး အခွေကို ထည့် .. Drive ကို Close လုပ်လိုက် တာနဲ့ Autoplay က စတင် အသက်ဝင်ပါတယ်။
Usb Thumb Drive တစ်ခုအလုပ်လုပ်ပုံကလည်းထို့နည်းတူပဲပေါ့... Usb Port မှာ Attach လုပ်လိုက်တာနဲ့ စတင်အလုပ်လုပ်ပြီပေါ့..
ဟုတ်ပါပြီ ကျွန်တော်တို့ Autoplay ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ဆက်ပြောကြည့်ပါမယ်.
Window Xp မှာဆိုရင် .. Media တစ်ခုကို Attach လုပ်လိုက်ပြီဆိုရင် အရင် ဆုံး( Hardware အချင်းချင်းဆက်သွယ်မှူ ..Firmware တွေအလုပ်လုပ်တာကိုတော့မပြောတော့ပါဘူး..)(မသိလဲမသိပါဘူး)
File တွေ Folder တွေရဲ့ Capacity အတွက် ရယ် Freespace အတွက်ရယ် Information ပြသဖို့အတွက် Drive ကို Overall Scan လုပ်ပါတယ် ..
Over all Scan လုပ်ရင်းနဲ့ Autoplay.inf ရယ် Autoplay.ini (စတဲ့ System အညွန်း File) တွေကိုတွေ့ရင် File ထဲကိုဝင်ဖတ်ပါတယ် အထဲပါတဲ့ Instruction အတိုင်း ကိုလိုက်နာပါတယ်
လိုက်နာလေ့ရှိတဲ့စာသားတွေကတော့ ဒီလိုပါ..
အရင်ဆုံး ဒီလို ကြေညာပါတယ်
[Autoplay]
ဒါက Optional declare ဖြစ်ပါတယ်..
အောက်မှာ တော့ Command Line တွေပါလာပါမယ်
High Level Language လိုပါပဲ အလွန်နားလည်လွယ်တဲ့ စကားလုံးလေးသုံးထားကြတာပါ...
Open= something.exe (Drive ကို Attach လုပ်လိုက်တာနဲ့ စတင်အလုပ်လုပ်စေလိုတဲ့ Program ကိုညွန်းဆိုပါတယ်)
သဘောကတော့ ကျွန်တော်တို့ Drive ကို Attach လုပ်လိုက်တာနဲ့ ဒီ Program လေးက စတင်အလုပ်လုပ်ပါပြီ..
Virus ဆိုရင်တော့ ကိုက်သွားပြီပေါ့ဗျာ...
အဲဒီတော့ အဲဒါကို ကာကွယ်ရမှာ ဒီလိုပါ..
Run Box ထဲမှာ (Start Menu>>Run )
Gpedit.msc လို့ရိုက်ပြီး Enter ခေါက်ပါ..
အဲဒီက ဘယ်ဘက် Panel ထဲမှာ.. ComputerConfiguration ရယ် UserConfiguration ရယ် နှစ်ခုရှိပါတယ်..
နှစ်ခုလုံးထဲမှာ ၀င်ရှာပြီး Autoplay ကို ပိတ်ရပါမယ်
Admistrative Tamplate>>System ထဲမှာ TurnoffAutoplay ဆိုတာရှိပါတယ်..
အဲဒါကို Enable ပေးပြီး All Drive ကို ရွေးချယ်ပါ..
ရပါပြီ. သူ့ဘာသာသူ Autoplay တာကိုတော့ ပိတ်နိုင်သွားပါပြီ..
နောက်ထပ် Autoplay နိုင်တာတစ်ခုကတော့
ကျွန်တော်တို့ က Drive ထဲကိုဝင်မယ်ဆိုတဲ့ အချိန်မှာ Autoplay မှာပါ..
များသောအားဖြင့် ကျွန်တော်တို့ရင်းနှီးထားတာက Drive တစ်ခုကို Access လုပ်မယ်ဆိုရင် Double Click ခေါက်တာတို့ Right Click ခေါက်ပြီး Explore တို့ Open တို့နဲ့ဝင်တာပါပဲ..
ဟုတ်ကဲ့ Autoplay ကအဲဒီအချိန်မှာလည်း အလုပ်ဝင်လုပ်ပါသေးတယ်
ရေးထားတဲ့ပုံစံကတော့
Shell\explore = Explore (Right Click ခေါက်လိုက်တဲ့ အချိန်မှာ ပေါ်လာတဲ့ Menu မှ Option ကို Explore လို့ရေးလိုက်တာပါ တခြားစာရေးရင် Explore ပျောက်သွားပါမယ်)
Shell\explore\Command = virus.exe (Explore ကို Choice လုပ်လိုက်မယ်ဆိုရင် Run ပေးရမယ့် Program ကို Override လုပ်လိုက်တာပါ..)
Default မှာ Window Explore ကို ခေါ်ပေးရမှာဖြစ်ပါတယ် .. Override လုပ်လိုက်တဲ့ အချိန်မှာတော့ နောက်ဆုံးခိုင်းတဲ့ အမိန့်က အတည်ဖြစ်ပါတယ်.။
အဲဒီတော့ Drive တစ်ခုကို R Click ခေါက်လိုက်မယ်ဆိုရင် ပေါ်လာတဲ့ Menu ထဲက အပေါ်ဆုံး (သို့) Bold Letter နဲ့ရေးထားတဲ့ Command က Default Action ဖြစ်တဲ့ အတွက်
Double Click ခေါက်တဲ့ အချိန်မှာ အဲဒီ Command ကအလုပ်လုပ်ပါလိမ့်မယ်။
အဲဒါကိုကာကွယ်ဖို့နည်းလမ်း အကောင်းဆုံးကတော့ Double CLick မခေါက်ပါနဲ့ RightClick ကနေ ကလည်းမ၀င်ပါနဲ့လို့ပဲပြောစရာရှိပါတော့တယ်..
ဘယ်လိုဝင်မလဲဆိုတဲ့နည်းလမ်းမှာ အကောင်းဆုံးလို့ယူဆထားရတဲ့ နည်းလမ်းတစ်ခုက တော့ MyComputer ကိုဖွင့်ပါ..
View Menu မှာ Explore ကို Folder လို့ Check ပေးလိုက်ရင် ဘယ်ဘက်မှာ TreeView Panel ပေါ်လာပါမယ်...အဲဒီကနေပဲ
Single Click နဲ့ Click ခေါက်ပြီး Access လုပ်ပါလို့ အကြံပြုပါတယ်..
နောက်တစ်ခုဖြည့်စွက်ပြောချင်တာက Folder Option ထဲကနေပြီး Hide Extension For Known File Type
ဆိုတာလေးကို uncheck လုပ်ထားလိုက်ပါ..
ခုတွေ့တွေ့နေရတဲ့ Virus အများစုက Dirve တစ်ခုထဲမှာ ရှိတဲ့ Folder တွေကို Hide လုပ်လိုက်တယ်..
ပြီးရင် သူ့ကိုယ်သူ Icon ကို Folder ပုံပေးလိုက်တယ်.. နာမည်ကိုလဲဖျောက်လိုက်တဲ့
File ရဲ့ Name အတိုင်းပေးလိုက်ပါတယ်
အဲဒီမှာ User က သူ့Folder ထင်ပြီး Double Click ခေါက်လိုက်တာနဲ့ Virus က ပြန်လည် အသက်ဝင်သွားပါတယ်
ဒါကြောင့် Folder View ကနေ၀င်တာသည် သာ အကောင်းဆုံးဖြစ်နိုင်ပါတယ်
Folder View ထဲမှာ Folder တွေသာပြပါတယ် Folder ယောင်ဆောင်ထားတဲ့ Virus ဟာ File တစ်ခုဖြစ်တဲ့ အတွက် Folder View ထဲမှာ မပေါ်ပါဘူး
အဲဒီတော့ Virus တစ်ခါဝင်ပြီ်းတိုင်းမှာ
Search ကနေ ဒီလိုရှာပါ..
Search ကိုဖွင့်ပါ..
All file and Folder ကိုရှာမယ်လို့ရွေးချယ်ပါ..
ပြီးရင် အပေါ်က The Name of the file that you want to search .မှာ *.exe
ကိုရိုက်ထည့်ပါ..။
ပြီးရင် ရှာပါ...
Folder ပုံစံ နဲ့နောက်မှာ .exe ကိုတွေ့ရင် ဖျက်ပစ်ပါ..
Original Folder တွေကတော့ Hidden ဖြစ်နေတာဖြစ်တဲ့ အတွက် Folder Option ကိုပြန်ခေါ်ပြီး
Show Hidden Folder ကို Check လုပ်ပါ
Hide Operating File ဘာညာ ကို Uncheck လုပ်ပါ
Original Folder တွေကိုပြန်တွေ့ပါလိမ့်မယ်
Hidden Attribute ကိုဖျောက်တဲ့ Command ကတေါ့
Attrib -s -h -r D:\*.* /s /d
အဲဒီ Command မှာ D ကပြန်ဖေါ်ချင်တဲ့ File တွေ Folder တွေရှိတဲ့ Drive ရဲ့ Name ဖြစ်ပါတယ်..
အားလုံး အဆင်ပြေပါစေဗျာ..
Virus က အဓိက registry ကို ကိုင်တွယ်ပါတယ်..
ဒါကြောင့် registry ထဲက Autorun ပေးထားလို့ရတဲ့နေရာတွေကိုလေ့လာထားပါ..
Virus က အဲဒီနေရာတွေမှာ ၀င်ရေးချင်းအားဖြင့် Computer ဖွင့်တိုင်းမှာ သူတို့ ကို သူတို့ လန်းနေအောင်လုပ်ထားပါတယ်ပေါ့ဗျာ...
ဒါကြောင့် Virus သတ်ပြီးတိုင်းလဲ Registry ထဲမှာ သူတို့ရဲ့ Value တွေကို ပြန်ပြီး ဖျက်ပေးရပါမယ်။
လေ့လာသုအပေါင်းကို ကျေးဇူးတင်ပါတယ်
ကျွန်တော်ရေးချင်နေတာတော့ကြာခဲ့ပါပြီ ဗျာ.. မအားလပ်ခဲ့လို့ပါ
ဒါလဲ (၂) ပါတ်လောက်ကို အချိန်ယူပြီးရေးထားတာပါ
ဒါကြောင့် ဖတ်ရှု့သူအပေါင်းကို ကျေးဇူးအထူးတင်ပါတယ်။
ကျွန်တော့ နာမည်ပါပါ မပါပါ ဒီ Post လေးကို လက်လှမ်းမှီသလောက် Forum တွေမှာ
ဖြန့်ဖြူးပေးကြပါ..
ကျွန်တော် မြန်မာစာ နဲ့ မြန်မာတွေ နားလည်လွယ်အောင်ကြိုးစားရေးထားပေးတာပါဗျာ..။
Copy လေး ကူး Past လေးချ Submit လေးတော့ လုပ်ပေးကြပါလို့။

Virus ကင်းဝေးစွာဖြင့်မိမိတို့ Computer လေးကို အသုံးပြုနိုင်ပါစေ
လေးစားစွာဖြင့် ဇော်ကို..

( Myanmar IT Development Site မှ ကိုဇော်ကို ၏ Post လေးကို ကူးပြီး တင်ထားတာပါ။ အခုလို တင်ခွင့်ပေးထားတဲ့အတွက်လည်း ကိုဇော်ကို အထူးကျေးဇူးတင်ပါတယ် )

Monday 27 April 2009

အဆုပ်ရောဂါကာကွယ်ရန်အတွက် အစိမ်းရောင်ပန်းဂေါ်ဖီစားသုံးသင့်


အစိမ်းရောင်ပန်းဂေါ်ဖီစားသုံးခြင်းသည် အဆုတ်အတွက် အထောက်အကူပြုကြောင်းသိရှိရသည်။ နောက်ဆုံးတွေ့ရှိသော သုတေသနရလဒ်များအရ အစိမ်းရောင်ပန်းဂေါ်ဖီတွင်ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ခံနိုင်ရည်အားကို တိုးမြှင့်ပေးသည်ဟု ဖော်ပြလျက်ရှိသည်။ ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူ(၃၀၀၀၀)ခန့်မှာ စီးကရက်အလွန်အမင်း သောက်သုံးမှုကြောင့် အဆုတ်ရောဂါများဖြစ်ပွားပြီး သေဆုံးလျက်ရှိနေသည်။ အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ်အတွင်းရှိ ရောဂါကာကွယ်သောဆဲလ်များကို ပိုမိုလှုပ်ရှားအသက်ဝင်စေသည်ဟု တွေ့ရှိခဲ့သည်။ ထိုဓာတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ကြွယ်ဝစွာပါရှိသည်။ NRF2ဟုခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ်အတွင်း အဆိပ်အတောက် ဖြစ်ပွားစေနိုင်သော ပမာဏကို လျော့ကျစေနိုင်ပြီး ထိုဆဲလ်များကို နိုးကြားစေမည့် လှုံ့ဆော်မှုမျိုးအား အစိမ်းရောင်ပန်းဂေါ်ဖီတွင်ပါဝင်သည့် ဆာလ်ဖိုရာပိန်းက လုပ်ဆာင်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သည်။ အမေရိကန်နိုင်ငံထုတ် Respiratory and Critical Care ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြထားမှုအရ အဆုတ်တွင်းညစ်ညမ်းမှုများနှင့် အဆုတ်ကင်ဆာရောဂါများအား ကာကွယ်နိုင်ရန်အတွက် အစိမ်းရောင်ပန်းဂေါ်ဖီအား များများစားသုံးရန် တိုက်တွန်းထားကြောင်း ပါရှိသည်။ သိပ္ပံပညာရှင်များအနေနှင့် အစိမ်းရောင်ပန်းဂေါ်ဖီဖြင့် အဆုတ်ရောဂါများ၏ ခြိမ်းခြောက်လာမှုအား တွန်းလှန်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်နေကြသည်။ ဗြိတိန်နိုင်ငံ အဆုတ်ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ယခုတွေ့ရှိမှုမှာ အလွန်အရေးပါသော စွမ်းဆောင်မှုတစ်ခုဟု ပြောဆိုသွားသည်။ ၎င်းက အစိမ်းရောင်ပန်းဂေါ်ဖီတွင် လူသားတို့၏ကျန်းမာရေးအား အထောက်အကူပြုစေနိုင်သော သဘာဝဒြပ်ပေါင်းများ ပါရှိသည်ကို ယျေဘူယသိရှိပြီးဖြစ်သော်လည်း အဆုပ်ရောဂါများအတွက် အလွန်အစွမ်းထက်သည့် အခြေအနေတစ်ရပ် ဖန်တီးနိုင်မည်ဟု သဘောမပေါက်ခဲ့ကြောင်း ပြောကြားသွားသည်။

( Planet Health News ကနေ ဖတ်မိလို့ တင်ထားတာပါ။ အားလုံးကို သိစေချင်တဲ့ဆန္ဒနဲ့ပါ။ သူငယ်ချင်းတွေ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ ........... )

မေတ္တာမွန်ဖြင့် Sandi

သာမည ဆရာတော်ဘုရားကြီးမှ အထူးပေးသော “ လိုတရ ဂါထာတော် ”

“ သိဒ္ဓိဘုရား ၊ နားမှာဗြဟ္မာ ၊ လက်မှာသိကြား ၊ ခါးမှာဘီလူး ၊ ဒူးမှာခြင်္သေ့ ၊ ခြေမှာနင်္ဂါး ၊ ကိုယ်မှာ ဂဠန်၊ အစောင့်ထား၏ ။ ကကုသ ၊ ဂေါဏဂုံ ၊ ကဿပ ၊ ဂေါတမ ၊ အရိမေတ္တယျ ၊ ဒီပင်္ကရာ မြတ်စွာဘုရားကို ၊ ကိုးကွယ်ပါ၏ ။ ဓါတ်တော်ဝင် ၊ မဟာဝင် ၊ ဧရာဝင် ၊ မဟာဝိနယော ၊ ဗောဓိရှစ်တန် ၊ ညဏ်တော် (၁၈)ပါး ၊
ဘုရား ၊ တရား၊ သံဃာတော်နှင့် ရွှေအဆင်းအလား ၊ ဦးခေါင်းတော်က မြင့်မိုရ်တောင် ၊ မျက်လုံးတော်က ပုလဲရောင်သွယ် ၊ သွားတော်က ၀ရဇိန် ၊ လည်တော်ကသံချောင်း ၊ မဏိဗောဓိရွှေညောင်ပင်က ၊ ပွင့်တော်မူပါ၏။ လေးသင်္ချေ ၊ ကမ္ဘာတစ်သိန်း ၊ ပါရမီဖြည့်လာသော ဘုရား ၊ သားတော် သမီးတော်တို့ကို ၊ ဆင်းရဲဒုက္ခ ၀ဋ်ဆင်းရဲမှ လွတ်ကင်းအောင် ၊ ချမ်းသာသုခဘ၀သို့ရောက်အောင် ပို့ဆောင်နိုင်သော အရှင်ဘုရား ၊ ချမ်းသာအောင် စောင့်ရှောက်တော်မူပါ အရှင်ဘုရား ။ ”


ချမ်းသာလိုလျှင် - ၁၂ ခေါက်
အမှုကင်းရှင်းလိုလျှင် - ၉ ခေါက်
ပစ္စည်းပျောက်လျှင် - ၃ ခေါက်
နေထိုင်မကောင်းလျှင် - ၇ ခေါက်
ခရီး၊ စစ်တိုက်လျှင် - ၅ ခေါက်

သဗ္ဗေသတ္တာ ကမ္မသက္ကာ

စိတ်အေးချမ်းသာ “ ၀ ” ကိုးလုံး ဂါထာ

ဝရဗုဒ္ဓေါ ၊ ၀ရဓမ္မော ၊ ၀ရသံဃော ၊

ဝရိသာရော ၊ ၀ရစေတော ၊ ၀ရံဒေတု ၊

ဝရေဟိမေ ၊ ၀ရံ ၀ရံ ။ ။

( ၎င်းစိတ်အေးချမ်းသာ “ ၀ ” ကိုးလုံးဂါထာ အား နေ့စဉ်မနက်စောစော မည်သည့်အစားအသောက်မှ မသုံးဆောင်မှီ သက်စေ့ ရွက်ပြီးမှ မိမိတို့၏ လုပ်ငန်းများအား လုပ်ကိုင်ကြပါ။ စိတ်အေးချမ်းသာ သာယာပါလိမ့် မည်။ )

Monday 20 April 2009

နှစ်ကျိပ်ရှစ်ဆူ ဘုရားများ

တံမေသဒီ၊ ကောမံသုရေ

သောအပနာပ၊ သုသုပီ

အဓံသိတိ၊ ဖုဝိသိဝေ

ကကောကဂေါ၊ နမာမဟံ။ ။



တံ-တဏှင်္ကရာ မြတ်စွာဘုရား
မေ-မေဓင်္ကရာ မြတ်စွာဘုရား
သ-သရဏင်္ကရာ မြတ်စွာဘုရား
ဒီ-ဒီပင်္ကရာ မြတ်စွာဘုရား
ကော-ကောဏ္ဍည မြတ်စွာဘုရား
မံ-မင်္ဂလ မြတ်စွာဘုရား
သု-သုဓန မြတ်စွာဘုရား
ရေ-ရေ၀တ မြတ်စွာဘုရား
သော-သောဘိတ မြတ်စွာဘုရား
အ-အနောမဒဿီ မြတ်စွာဘုရား
ပ-ပဒုမ မြတ်စွာဘုရား
နာ-နာရဒ မြတ်စွာဘုရား
ပ-ပဒုမ္ဓုတ္ထိုရ မြတ်စွာဘုရား
သု-သုမေဓါ မြတ်စွာဘုရား
သု-သုဇာတာ မြတ်စွာဘုရား
ပီ-ပီယဒဿီ မြတ်စွာဘုရား
အ-အတ္တဒဿီ မြတ်စွာဘုရား
ဓံ-ဓမ္မဒဿီ မြတ်စွာဘုရား
သီ-သိဒ္ဓတ္ထ မြတ်စွာဘုရား
တိ-တိဿ မြတ်စွာဘုရား
ဖု-ဖုဿ မြတ်စွာဘုရား
ဝိ-၀ိယသီ မြတ်စွာဘုရား
သိ-သိခီ မြတ်စွာဘုရား
ဝေ-ဝေဿဘူ မြတ်စွာဘုရား
က-ကကုသန် မြတ်စွာဘုရား
ကော-ကောဏဂုံ မြတ်စွာဘုရား
က-ကဿပ မြတ်စွာဘုရား
ဂေါ- ဂေါတမ မြတ်စွာဘုရား

နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးဂါထာ

တံမေသဒီ ၊ ကောမံသုရေ

သောအပနာပ၊ သုသုပီ ၊

အဓံသိတိ၊ဖုဝိသိဝေ

ကကောကဂေါ။နမာမဟံ။ ။

ဘုရားရှိခိုး ဂါထာအဆုံးတွင် ..... (( တဏှင်္ကရာ အစ ဂေါတမအဆုံး နှစ်ကျိပ်ရှစ်ဆူသော မြတ်စွာဘုရားသခင်အားလုံးတို့အား ရှိခိုးပါ၏။ )) ဟုဆိုပြီး ကန်တော့ပါ။

( အထက်ပါ နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးဂါထာကို (၉)ခေါက် ရွတ်၍ ဆွမ်း၊ပန်း။ရေချမ်း၊ဆီမီး စသည်တို့ ကို ကပ်လှူပူဇော်ပြီး ပုတီးစိပ်ပါ။ မေတ္တာပို့ပါ။ အမျှဝေပါ။ ကြုံတွေ့နေရသော အခက်အခဲအပေါင်း ၊ ဒုက္ခအပေါင်းမှ အမြန်ဆုံး လွတ်မြောက်ရပါလိုကြောင်း ဆုတောင်းပါ။ ဖြစ်ချင်တာမှန်သမျှ ဖြစ်ရမည် ဟူသော ဆန္ဒကို ပြင်းပြစွာ အာရုံပြုလျက် ဆုတောင်းပါ။ သင်မုချအောင်မြင်ပါလိမ့်မည်။)

ကံ (၁၀) ပါး

ကာယကံ (၃)ပါး ...................
၁။သူတစ်ပါးအသက်ကိုသတ်သောကံ
၂။သူတစ်ပါးပစ္စည်းမတရားယူသောကံ
၃။ကာမဂုဏ်ကြူးလွန်သောကံ

ဝစီကံ(၄)ပါး ..................

၁။လိမ်တာ
၂။ကုန်းချောတာ
၃။ရိုင်းဆိုင်းတာ
၎။အတင်းအဖျင်းပြောတာ

မနောကံ(၃)ပါး
၁။သူများစည်းစိမ်မတရားလိုချင်တာ
၂။စိတ်ဆိုးဒေါသဖြစ်တာ
၃။အမှန်ကိုမသိတာ

ကံ(၁၀)ပါး လုံခြင်းသည်လည်း မြတ်သောမင်္ဂလာတစ်ပါး ဖြစ်ပါသည်။

ဂေါတမ မြတ်စွာဘုရားရှင်၏ ပုံတော်အစစ်ပါ


ယခုဖူးတွေ့ရသော ပုံတော်မှာ ဂေါတမမြတ်စွာဘုရားရှင်၏ ပုံတော်အစစ် ဖြစ်ပါသည်။ ထိုပုံကို လွန်ခဲ့သော နှစ်ပေါင်းများစွာက မြတ်စွာဘုရား ပွင့်တော်မှုသည့် နေရာဖြစ်သော မဟာဗောဓိညောင်ပင်ရင်းတွင် နိုင်ငံခြား ယောဂီတစ်ယောက် ဓါတ်ပုံရိုက်ကူးထားခြင်း ဖြစ်ပါသည်။ ဤပုံတော်မှာ ဂေါတမမြတ်စွာဘုရား၏ ပုံတော်အစစ်ဖြစ်သောကြောင့် အလွန်ထူးခြားသော ပုံတော်လည်းဖြစ်ပါသည်။
Remark : : Google mail forward ကနေ ရရှိထားခြင်း ဖြစ်ပါသည်။

အင်းအားကြီးတဲ့စိတ်ဖြစ်လာစေဖို့ .....................


ပေးနိုင်တဲ့ စိတ်ဟာ အင်အားကြီးတဲ့ စိတ်

(လေးစားပါတယ် စာအုပ်မှ )


သူများကို အကူညီ ပေးလိုက်ခြင်းအား ဖြင့် ကိုယ့်ကိုကိုယ် လေးစားမှု တိုးလာတယ် ။ စိတ်ချမ်းသာမှုလည်း ရတယ်။ ဒါဟာ တော်တော် အဆင့်မြင့် တဲ့ ကျေနပ်မှု ဖြစ်တယ်။
သူများကို ဒုက္ခ ရောက်အောင် လုပ်ပြီး သူများ ဒုက္ခ ရောက်လို့ ကျေနပ်မှုရတယ် ဆိုတာမျိုးက တော်တော်အဆင့်နိမ့်တဲ့ ကျေနပ်မှု ဖြစ်တယ် ။ ဒီလို လူကို ပတ်ဝန်းကျင်က လေးစားမှာ မဟုတ်ဘူး ။
လူ့ လောက ကြီးကို ပိုပြီးကောင်းလာစေချင်ရင် ဒီလို အခြေခံလေးတွေကို အလေးထားပြီး လုပ်ရမယ် ။ ကိုယ့်စိတ်ထားကို အဆင့်မြှင့်ပါ ။ ကိုယ့်ကိုကိုယ်ပိုပြီး စိတ်ထားကောင်း တဲ့ သူဖြစ်အောင် လုပ်တာဟာ လောကကြီးရဲ့ အကျိုးကို ဆောင်တာပဲ ။ ကိုယ့်ကိုကိုယ် လေးစားနိုင်တဲ့ သူ ဖြစ်အောင် လုပ်ပါ ။
ကားမောင်းရင်း ဖြစ်တတ်တာကို ပဲ ဥပမာ ပေးပြီးတော့ စဉ်းစားကြအုန်းစို့ ။ ကိုယ်က ကားမောင်းပြီးတော့ သွားနေတယ် ။ နောက်က ကားတစ်စီး ကလည်း မောင်းလာပြီး တော့ ကျော်တက်ချင် နေတယ်။ အဲဒီ အခါမှာ ကိုယ် က လမ်းမပေးဘဲ ပိတ်မောင်းရင် လည်း ရတယ် ။ ( လမ်းကျဉ်း တဲ့ နေရာ ဆိုပါ တော့ ) ။ ဖယ်ပေးမယ် ဆိုရင်လည်း ရတယ်။ အဲဒီ အခါမှာ ကိုယ်က စိတ်ထားကောင်းကောင်းလေးနဲ့ ကိုယ့်ကားကို လမ်းဘေး ဘက်ကို ချပေးလိုက်တယ် ။ နောက်က ကားက ကျော်တက်သွားတယ် ။ ကိုယ်က လမ်းပေးလိုက်လို့ သူသွားရတာ ။ ကိုယ် ကခွင့်ပြုလိုက်လို့ သူ ရသွားတာ နော် ။ ဘယ်သူက Power ကြီးသလဲ ။ ခွင့်ပြုလိုက်ရတဲ့ သူက Power ကြီးတယ်။ စိတ်ဓာတ်အင်အားကြီးတယ်။
စဉ်းစားစရာနော် ။ ကိုယ်က လမ်းမပေးဘဲ ပိတ်မောင်းထားလို့ သူ ကျော်တက်လို့ မရတာကို Power လို့ခံစားရတာနဲ့ ကိုယ်က လမ်းပေးလိုက်လို့ သူ ကျော်တက်သွားလို့ ရသွားတာကို Power လို့ခံစားရတာ နှစ်မျိုးမှာ ၊ ကိုယ်က ခွင့်ပြုပေးလိုက်လို့ သူ ရသွားတာကို Power လို့ခံစားရတာက အကျိုးပြုတဲ့ Power ဖြစ်တယ်။ နှစ်ဦး နှစ်ဖက် စိတ်ချမ်းသာမှု ရတဲ့ Power ဖြစ်တယ်။ ကိုယ်က ခွင့်ပြုနိုင်ပါလျက်နဲ့ ခွင့်မပြုလို့ သူ မရတာကို Power လို့ခံစားရတာက အကျိုးမပြုတဲ့ Power ဖြစ်တယ် ။ နှစ်ဦးနှစ်ဖက် အကျိုးမရှိဘူး ။ စိတ်မချမ်းသာဘူး ။ အဆင်မပြေဘူး ။
လူတွေရဲ့ စိတ်မှာ ကိုယ့်ကိုကိုယ်အင်အားကြီးတဲ့ သူ ဆိုတဲ့ ခံစားမှုမျိုး ကို လိုချင်ကြတယ် ။ အဲဒါကို မှန်ကန်တဲ့ နည်းနဲ့ ရအောင် လုပ်သင့်တယ် ။ ပေးတဲ့ သူက အင်အားကြီးတဲ့ သူဆိုတာကို နားလည်သင့်တယ် ။
ပေးနိုင်တဲ့ စိတ်ဟာ လွတ်လပ်တဲ့ စိတ် ဖြစ်တယ် ။ မပေးနိုင် တဲ့ စိတ်ဟာ မလွတ်လပ်တဲ့ စိတ် ဖြစ်တယ် ။ မအေးချမ်းတဲ့ စိတ်ဖြစ်တယ် ။ တွန့်တို တဲ့ စိတ်ဖြစ်တယ် ။
အင်အားကြီးတဲ့ သူဟာ ပေးနိုင်တဲ့သူ ဖြစ်တယ် ။ အင်အားကြီးတဲ့သူဟာ စွန့်လွှတ်နိုင်တဲ့ သူ ဖြစ်တယ် ။ အင်အားကြီး တဲ့ သူဟာ ဒီလို အသေးအမွှား( လမ်းပိတ်မောင်း တဲ့ ) နည်းမျိုးနဲ့ အနိုင်မယူသင့်ဘူး ။ အင်အားကြီး တဲ့သူဟာ အနိုင်အရှုံးကို မ စဉ်းစားဘူး ။ သင့်တော်သလား ၊ မသင့်တော်ဘူးလား ဆိုတာ ပဲစဉ်းစားတယ် ။ အင်အားကြီး တဲ့ သူဟာ အသိဉာဏ် နဲ့ ယှဉ်ပြီး စဉ်းစားတယ် ။ ဆုံးဖြတ်တယ် ။ ပုဂ္ဂိုလ် စွဲမပါ ၊ ဘက်လိုက်တာမပါဘဲ လက်ရှိ အခြေအနေ မှာ အသင့်တော်ဆုံး ၊ အကောင်းဆုံး ၊ အကျိုးအရှိဆုံး ကို ရွေးပြီး လုပ်တယ် ။ အသိဉာဏ် က ရွေးချယ်တယ် ။ ဆုံးဖြတ်တယ် ။ အတ္တစွဲ က ရွေးချယ်တာ ဆုံးဖြတ်တာမဟုတ်ဘူး ။
ပုဂ္ဂိုလ် စွဲ၊ အတ္တစွဲ ရဲ့ လွှမ်းမိုး မှုကြောင့် တစ်ကိုယ်ကောင်း ဆန်တဲ့ စိတ်နဲ့ ၊ ဘက်လိုက်တဲ့ စိတ်နဲ့ ၊ မသင့်တော်မှန်းသိရက် နဲ့ မသင့်တော်တာကို လုပ်နေတဲ့ သူဟာ စစ် မှန်တဲ့ စိတ်ချမ်းသာမှုကို မရနိုင်ဘူး ။ နောက်ဆုံးလိုရင်းကို ပြောရရင်ကိုယ့်ကိုကိုယ် တစ်နေ့တခြား ပိုပြီးလေးစားလာအောင် နည်းမျိုးစုံ နဲ့ လုပ်သင့်တယ် ။ ကိုယ့် ရဲ့ စိတ်နေသဘောထား ၊ နေပုံ ၊ ထိုင်ပုံ ၊ ပြောပုံ၊ ဆိုပုံ ၊ စည်းကမ်း ၊ သပ်ရပ်မှု ၊ သန့်ရှင်းမှု ၊ ကိုယ် နဲ့ပတ်သက်သာ မှန်သမျှ အားလုံးကို ပိုပြီး ကောင်းအောင် လုပ်သင့်တယ် ။
ကိုယ့်ကိုကိုယ်ပိုပြီး ကောင်းအောင် လုပ်တဲ့ နည်းနဲ့ ကိုယ့်ကိုကိုယ် လေးစားတဲ့သူ ၊ ကိုယ့်အကျိုးကို ရော ၊ အများအကျိုး ကို ပါ ဆောင်ရွက်နိုင်တဲ့သူ ။ လောကကြီး ကို အလှဆင်နိုင်တဲ့ သူတွေ ဖြစ်ကြပါစေ ။

Holy Scripts blog လေးကနေ ယူထားတာပါ။ ကျေးဇူးတင်ပါတယ်။

ဘ၀ကို တန်းဖိုးရှိအောင် နေထိုင်နည်း ( ဆရာလှသမိန်)


ဆရာ လှသမိန်၏ ( ဘ၀ကို တန်းဖိုးရှိအောင် နေထိုင်နည်း )စာအုပ်ထဲမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

၁။ လူ့လောကတွင် လူတို့၏ အကြီးဆုံးကျင့်ဝတ် နှင့် အကြီးဆုံးတာဝန်မှာ .... “ မိမိကြောင့် လူတစ်ဖက်သားတွင် ဒုက္ခမရောက်စေရန်နှင့် အနှောက်အယှက် မဖြစ်စေရန်ပင် ” ဖြစ်ပါသည်။

၂။မိမိပိုင်ဆိုင်သော အချိန်တစ်စုံတစ်ရာ ကုန်ဆုံးလျော့ပါးသွားလေတိုင်း ထိုအချိန်နှင့် ဆက်၍ယူခဲ့ရသော အကျိုးကျေးဇူး တစ်စုံတစ်ရာ ကြွင်းကျန် အဖတ်တင်နေခဲ့ရပေလိမ့်မည်။

၃။မိန်းကလေးတစ်ယောက်အတွက် အကောင်းဆုံးသော ထိန်းသိမ်းမှုမှာ ...
“ မိမိကိုယ်ကို ထိန်းသိမ်းခြင်းပင် ” ဖြစ်ပေသည်။

၎။အလုပ် (မည်သည့်အလုပ်၌မဆို) မိမိတာဝန်ကျေပွန်နိုင်ဖို့သည်သာ ပထမ အရေးကြီးဆုံးဖြစ်ပါသည်။

၅။“ ကြိုတင်ပြင်ဆင်တတ်မှု့” သည် မင်းဘ၀အတွက် အရေးကြီးတဲ့ ကဏ္ဍတစ်နေရာမှာ ထားဖို့မမေ့ပါနှင့်။

၆။ မိမိအတွက်နှင့် မည်သူမျှ ထိခိုက်ခြင်းမရှိအောင် အမြဲတစေ အာရုံစိုက်သော လူမှု့ကျင့်ဝတ်ကား မွန်မြတ်သော ကျင့်ဝတ်ပင် ဖြစ်ပေသည် ။

၇။အခွင့်အရေးသည် ပစ္စပ္ပန်၌သာ ရှိသည်ကို မမေ့ပါနှင့်။ မနေ့က အခွင့်အရေးသည် မနေ့ကနှင့်အတူ ပျောက် ဆုံးသွားခဲ့ပြီ။ မနက်ဖြန်ကား မနက်ဖြန်နှင့်အတူ မသေချာ မရေရာ။ သေချာသည်မှာ “ ယနေ့ပင် ” ဖြစ်သည်။

၈။လူသည် မိမိကိုယ်ကို ကောင်းအောင်လုပ်နိုင်သလို ၊ ဆိုးအောင်လည်း လုပ်နိုင်၏။ သို့အတွက် ...... “ ကောင်းလည်းကိုယ် ၊ ဆိုးလည်းကိုယ် ” ဆိုတာ မမေ့ပါနှင့်။ ကိုယ်သာလျှင် ကိုယ့်ဘ၀ရဲ့ ပဲ့ကိုင်ရှင် ပါ ။။။

၉။အောင်မြင်သူတိုင်း ယုံကြည်ကြသည့် အချက်တစ်ချက်မှာ ..... “ မိမိ၏ ကံကြမ္မာ အဆိုးအကောင်းကို မိမိသာ ဖန်တီးနိုင်သည်။ ” ဟူ၍ ဖြစ်သည်။

၁၀။ကိုယ့်အားကိုယ်ကိုးစိတ် ၊ မိမိကိုယ်ကို ယုံကြည်စိတ်များ ထူထောင်ပေး နိုင်လျှင် ယင်းစိတ်ဓါတ်များနှင့်အတူ သင့်ဘ၀အောင်မြင် တိုးတက်လာပါမည်။

အောင်မြင်သော ဘ၀တစ်ခု တည်ဆောက်နိုင်ရေးတွင် အသိပညာရှိမှုသည် အဓိက လိုအပ်ချက် တစ်ခု ဖြစ်ပါသည်။ သို့သော် သိရုံသက်သက်ဖြင့်သာ မပြီးပါ။ အသိတရားကို လက်တွေ့ဘ၀၌ ထိရောက်စွာ အသုံးချနိုင်ဖို့ လိုပါသည်။

စိတ်ထားကောင်းဖို့သည်သာ ပထမ ဖြစ်ပါသည် ........


စိတ်ကောင်းရှိဖို့က ......... ပထမ
ဝိနည်းလေးစားဖို့က ........ ဒုတိယ
ကျန်းမာဖို့က ........ တတိယ
သန့်ရှင်းဖို့က ........ စတုတ္ထ
အ၀တ်အစားတတ်ဖို့က .......... ပဉ္စမ
အနေအထိုင်တတ်ဖို့က .......... ဆဋ္ဌမ
အပြောအဆိုတတ်ဖို့က ......... သတ္တမ
အသွားအလာတတ်ဖို့က .......... အဋ္ဌမ
စည်းကမ်းလိုက်နာဖို့က .......... န၀မ
စာတတ်ဖို့က .......... ဒဿမ