Thursday 14 May 2009

သူငယ်ချင်းတို့ရေ ဒီအမေးအဖြေလေး စမ်းကြည့်ကြ ရအောင် ...

သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ့ ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။

အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက်တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထားတဲ့ အပျင်းပြေ (၂)ဆိုတဲ့ အမေးအဖြေလေးပါ။
စိတ်ပညာဆိုင်ရာ သဘောလေးတစ်ခုလို့ ပြောပါတယ်။ လူ့ စိတ်ကို စနစ်တကျစမ်းသပ်တာတစ်မျိုးလို့ ပြောနိုင်ပါတယ်တဲ့။ သမီးလည်း စမ်းလုပ်ကြည့်ဖူးပါတယ်။အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင် မှန်ကန်နေခဲ့ပါတယ်။ တစ်ခါတစ်ခါ မသိသေးတဲ့သူငယ်ချင်းတွေနဲ့မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို့ နဲ့ သူများသိမှာစိုးရိမ်ရင်တစ်ယောက်ထဲဖြေကြည့်နော်။
နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ့ တစ်ချို့ ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထားပါတယ်။ ကျန်တာအားလုံးကတော့ အရင်းအတိုင်းပါပဲ။
သူငယ်ချင်းတို့ ပြောတဲ့အတိုင်းလုပ်နော်။ လောလောဆယ်ဘောပင်နဲ့ စာရွက်သာအမြန်ယူထားလိုက်တော့။
* * * * * * * * * *
သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ရင်လည်း ပျော်တယ်လို့ စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။ဒါပေမယ့် ပျော်စရာလေးပါ။
အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။ ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့ လှည့်ဖျားမယ်ဆိုင်တော့အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက်
နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကိုစမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။
သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. ..။
ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ့ ၊ သူ့ အစီအစဉ်အတိုင်းဖတ်ရင်း လုပ်သွားပါ။
ကိုင်း . . . စလိုက်ကြရအောင်။
ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊ ခဲတံဖြစ်ဖြစ်ပေါ့။
ရေးလို့ ထင်ရင်ပြီးတာပဲနော့ ။
သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ့ တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့ သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ့ ပထမဆုံး ပေါ်လာတာတွေကိုသာ ချရေးပါနော်။
ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။လုံးဝကျော်မဖတ်နဲ့ ၊
ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။ စပါပြီ . . .
(က) ရှေ့ ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ - 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)
(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)
(ဃ) နံပါတ် 3 ဘေး နဲ့  နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန့် ကျင်ဘက်များရဲ့ နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက် နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊မြန်မြန်လေး)
ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ့ နော်၊ ကျော်ဖတ်ရင်အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို့ ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။
(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊ သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။(အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။
သတိပေးချင်ပါသေးတယ်။ အလိမ်နဲ့ ၊ မညာနဲ့ နော်။ လိမ်ညာမိရင်နောက်မှ နောင်တရနေလိမ့်မယ်။
(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ့  11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ ခံစားမိသလို ဖျတ်ကနဲ ပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ့ )
(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။ အားလုံးသေချာပြီဆိုရင်တော အဖြေတွေကို ကြည့်လိုက်တော့နော် ..............
အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို
နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို့ ပြောချင်တယ် နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)
နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ့ လား)
နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ့ သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။
နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊အလေးပေးမိဆုံးပါတဲ့။
နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည် သူပေပဲပေါ့။
နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။
နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ့ လိုက်ဖက်တဲ့ သီချင်းလေးပါ။
နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။
နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။
နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘ၀ခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။
* * * * * * * * * *
ကဲ သူငယ်ချင်းတို့ ရေ နည်းနည်းတော့ဆန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။
သူငယ်ချင်းအားလုံး ၀မ်းသာပီတီနဲ့ ပြည့်စုံနိုင်ကြပါစေ ............................
စန္ဒီ

Tuesday 12 May 2009

သမီးသိတဲ့ Myanmar Websites လေးတချို့ပါ .........

မြန်မာဆိုက်များရှာရန်အတွက် .....
www.myanmarsitesearch.com

(၁) ဗီဒီယို ၊ ကိုရီးယားဇာတ်လမ်း နှင့် ဗီစီဒီအသစ်များကြည့်ရန် .......
www.mayhninaye.com
www.shwedream.com
www.burmeseclassic.com
www.minthila.com
www.flashbland.net.com
www.royalthazin.com
www.luungediary.com

(၂)မြန်မာသီချင်းများ နားထောင်ရန် နှင့် ဒေါင်းလော့များချရန် (သီချင်းဆိုက်များ ) ..........
www.myanmarmp3album.com
www.myanmarmp3.net
www.myitzuri.com
www.ayinepan.com
www.rakhita.com
www.nyakabyar.com
www.flashbland.net.com
www.singforyou.net
www.lotaya.com
www.myanmar-music.com
www.innwa.com
www.myanmar-image.com/

(၃)မြန်မာသတင်းများဖတ်ရန်
www.myanmarnet.co.uk
www.planet.com.mm
www.burmatoday.com
www.khitpyaning.com
www.thalwin.com/thanlwinainmat
www.irrawaddy.org
www.myantel.net.mm/
www.shwehinthar.com/
www.moemaka.com/
www.bagan.net.mm

(၄)မြန်မာဂျာနယ်များဖတ်ရန်
www.popularmyanmar1.com
www.myanmarinternetjournal.com
www.soccermyanmar.com (ဘောလုံးဂျာနယ်)
www.weeklyeleven.com
www.myanmartradenet.com.mm ( စီးပွားရေးဂျာနယ်)
www.snapshot-news.com
www.myanmarpyi.com ( အချစ်ဂျာနယ် )

(၅)မြန်မာမဂ္ဂဇင်းများဖတ်ရန်
www.people.com.mm
www.shweamyutay.com
www.teenmagazine.com

(၆)မြန်မာအွန်လိုင်းရေဒီယိုများနားထောင်ရန်
www.eainmathlaing.com
www.apytz.net/

(၇)အိုင်တီအကြောင်းများလေ့လာဆွေးနွေးရန်
http://problemclean.ning.com
http://www.mysteryzillion.org/
http://www.itmgmag.com/
http://exodusjoemin.blogspot.com/
http://thuyein.googlepages.com/home

(၈)မြန်မာဆိုက်လေးများ
www.myanmarnlp.org.mm/ (Windows Myanmar Translator )
www.myanmartalk.net/ ( Myanmartalk M-talk )
www.myanmardotcom.com/ ( By English )
www.myanmaryellowpages.biz/ ( မြန်မာစီးပွားရေးလမ်းညွှန်ဆိုက်)
www.etrademyanmar.net/ (မြန်မာစီးပွားရေးဆိုက်)
www.bamartalk.com/ (Barmatalk )

(၉)မြန်မာ သရုပ်ဆောင်၊ အဆိုတော်ဆိုက်များ
www.lwinmoe.com
www.saisaionline.com/saisai/index.htm
www.luminn.com
www.yelayonline.com
www.minmawkunn.com
www.htunaeindrabo.com
www.alexlazyclub.com
www.eaindrakyawzin.com
www.khinethinkyi.com
www.yarzarnewin.com
www.nawaratt.com

(၁၀)မြန်မာဗုဒ္ဓဘာသာဆိုက်
http://youthbuddhismteam.ning.com/
http://www.peterzawlinn.f2s.com/Payate/Payate.htm

(၁၁)မြန်မာစာကြည့်တိုက် နှင့် စာအုပ်အရောင်းဆိုင်များ
http://library.eainmathlaing.com
www.myanmarbookshop.com

(၁၂)အခြားမြန်မာဆိုက်များ
http://myanmarblogdirectory.blogspot.com/ (ဘလော့အကြောင်း)
http://thuyein.googlepages.com/home

(၁၃)မြန်မာမိုးလေ၀သဆိုက်
www.dmh.gov.mm/

စန္ဒီ

မှတ်သားမိတဲ့ စကားလေးတွေ

လူတွေသည်၊ အကြောင်းအကျိုးမသိ၊ ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊ အတ္တစိတ်လည်း များလှ၏....။ မည်သို့ဖြစ်စေ၊ မေတ္တာထားလိုက်ပါ။
Peoples are unreasonable, illogical and self-centered. Love Them Anyway.

  • လူတွေသည် ကောင်းသောအမှု သင်မည်မျှပြုသော်လည်း မရိုးမသား ကိုယ့် အကျိုးစီးပွား အတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်.....။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။
    If you do good, people will accuse you of selfish ulterior motives. Do Good Anyway.

  • သင် အောင်မြင်လာပြီဆိုလျှင် သင့်၌ မိတ်ဆွေ အတုအယောင် များရော၊ ရန်သူစစ်စစ်များပါ ရရှိလာလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ အောင်မြင်ရန်သာ အားထုတ်ပါ။
    If you are successful, you will win false friends and true enemies. Succeed Anyway.

  • ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာပြောဆိုခြင်းတို့ကြောင့် သင့်မှာ ထိခိုက်စရာတွေ ကြုံချင်ကြုံရလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ ရိုးဖြောင့်ပွင့်လင်းစွာ ပြောဆိုဆက်ဆံပါ။
    Honesty and frankness make you vulnerable. Be Honest And Frank Anyway.

  • သင် ယနေ့ပြုသည့် ကောင်းမှုကုသိုလ်ကို မနက်ဖြန် သူတို့ မေ့လျှော့ကောင်း မေ့လျှော့ကြလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။
    The good you do today will be forgotten tomorrow. Do Good Anyway.

  • အကြီးအကျယ်ဆုံး စိတ်ကူးဥာဏ်ရှိသည့် အမြင့်မားဆုံး ပုဂ္ဂိုလ်သည်လည်း အနုံချာဆုံးစိတ်ထားရှိသည့် အသေးအမွှားဆုံး ပုဂ္ဂိုလ်ထံ ဝေဖန်ခြင်း၊ ကဲ့ရဲ့ အပုပ်ချခြင်း ခံချင်ခံရနိုင်သည်.....။ မည်သို့ပင်ဖြစ်စေ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာ စဉ်းစားကြံစည်ပါ။
    The biggest people with the biggest ideas can be shot down by the smallest people with the smallest minds. Think Big Anyway.

  • လူတွေသည် နိမ့်ပါးသူကို စေတနာပိုတတ်သည် ဆိုသော်လည်း အပေါ်စီးရသူ၊ ထိပ်ဆုံးလူများ နောက်သို့သာ လိုက်ပါတတ်ကြသည်.....။ မည်သို့ပင်ဖြစ်စေ အချို့သော နိမ့်ပါးသူ အောက်လူတို့အတွက် ရပ်တည်ပေးပါ။
    People favor underdogs but follow only top dogs. Fight For Some Underdogs Anyway.

  • နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သည့်အရာ နေ့ချင်းညချင်း ဖြိုလဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ တည်ဆောက်စရာရှိတာသာ ဆက်၍တည်ဆောက်ပါ။
    What you spent years building maybe destroyed overnight. Build Anyway.

  • ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးသော်လည်း၊ သင့်အား ခါးသီးနာကျည်းဖွယ် တုံ့ပြန်ကောင်း တုံ့ပြန်လိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ သင့်မှာရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲ သင်ပေးပါ။
    Give The World the best you have and you'll get kicked in the teeth. Give The World The Best You're Got Anyway.
  • လူတစ်ယောက်နဲ့ ရန်ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သူနဲ့ တန်းတူဖြစ်အောင် အဆင့်နိမ့်လိုက်ခြင်း ဖြစ်သည်။
  • ကိုယ့်စိတ်ကို သူများက ၀မ်းနည်းအောင်၊ ၀မ်းသာအောင် လုပ်လို့ရနေပြီဆိုရင်၊ ကိုယ်က သူ့လက်ခုတ်ထဲကရေ ဖြစ်သွားပြီ။

  • ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့်ကျေးဇူးရှင်လို့ သဘောထားပါ။
  • ကိုယ်က သူများကို အပြစ်တင် ရှုံ့ချနေတာဟာ သူဘယ်လိုလူလဲ ဆိုတာ မပေါ်လွင်ဘူး။ ကိုယ်ဘယ်လိုလူလဲ ဆိုတာ တော့ သေသေချာချာ ပေါ်လွင်သွားပြီ။
  • သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာရှာကြည့်ပါ။ ရှိနေတတ်ပါတယ်။ သူတစ်ပါးမှာ ကောင်းတာမြင်ရင်လည်း အဲဒီလို ကောင်းတာကော ငါ့မှာ မရှိဘူးလား။ ရှိရင်ကောင်းပါတယ်။ မရှိသေးရင် ရှိအောင်လုပ်ရမည်။
  • ကိုယ်စိတ်ကို ကိုယ်သိတာဟာ လူ ကလွဲလို့ တခြား ဘယ်သတ္တ၀ါမှ မလုပ်နိုင်ပါဘူး။ ဒါဟာ လူသားရဲ့ ထူးခြားတဲ့ အရည်အချင်းပါ။ ဒီအလုပ်ကို မလုပ်သေးသ၍ လူ မပီသသေးသူ၊ အဆင့်မြင့်လူသား မဖြစ်သေးသူ ဖြစ်နေမှာပါ။
  • သတိနဲ့ နေတာများလေလေ -> လူကြီးဆန်လေလေ၊ ရင့်ကျက်လေလေပါပဲ။
  • ပစ္စုပ္ပန်ဟာ တန်ဖိုးအရှိဆုံးပါ။ အနာဂါတ်ကို မျှော်ပြီး ပစ္စုပ္ပန်ကို မဖြုန်းသင့်ပါ။
  • ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူ၊ ကိုယ့်အလုပ်ကိုကိုယ် အတက်နိုင်ဆုံး ကောင်းအောင် လုပ်တဲ့သူဟာ သူ့ဟာသူ စိတ်ကျေနပ်မှု ရနေတယ်။ စိတ်ချမ်းသာနေတယ်။ ပျော်နေတယ်။ သူများချီးမွမ်းတာ အပေါ်မှာ မှီခိုမှု မရှိဘူး။ လွတ်လပ်နေတယ်။
  • ပျော်ပျော်နေပါ။ ပေါ့ပေါ့တန်တန်မနေပါနဲ့။
  • လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံ ခွင့်မလွတ် နိုင်တဲ့သူတွေဟာ အဖေါ်မဲ့တတ်တယ်။ သူများအကြောင်း မကောင်း ပြောတတ်သူ တွေမှာလည်း အဖေါ်မဲ့ တတ်တယ်။
  • ခွင့်လွတ်ခြင်း ဆိုသည်မှာ ပျော့ညံ့ခြင်းမဟုတ်၊ သတ္တိရှိခြင်းသာ။
  • သင်ဘယ်လို လူလဲဆိုတာ သိချင်လျှင် သင့် ပတ်ဝန်းကျင်က လူတွေကို အကဲခတ်ပါ။ သင်နှင့် သင့်ပတ် ၀န်းကျင်က လူတွေရဲ့ ဆက်ဆံရေးဟာ သင့်ကိုသင် ဘယ်လိုလူလဲဆိုတာ ဖေါ်ပြနေပါတယ်။
  • သူများကိုနိုင်ချင်တာ ကလေးဆန်တဲ့စိတ်၊ သူများကို အပြစ်ရှာချင်တာ မရင့်ကျက်တဲ့စိတ်။
  • သူများကို ဘယ်လိုလူစား လို့ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစား လို့ပြောတာနဲ့ တူပါတယ်။

  • အများနှင့် အဆင်ပြေပြေ နေနိုင်ခြင်း သည် မြင့်မားသော စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဖြစ်သည်။

(( အိုင်တီဆိုက်မှာ ၀င်ဖတ်ရင်း မှတ်ယူထားခဲ့တာပါ။ သူငယ်ချင်းတွေ လည်းအကျိုးရှိမယ်ထင်လို့ Share ပေး လိုက်တယ်နော်........ ))

ဆင်ခြင်တွေးဆ နိုင်ကြပါစေ .........
စန္ဒီ

Wednesday 29 April 2009

Autorun အားပြင်ဆင်ကြရအောင်ဗျာ .Virus မကိုက်အောင်ပေါ့

Removal Devices များမှ Virus များ Computer အတွင်းသို့ဝင်ရောက်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါ၍ အောက်ပါအချက်အနည်းငယ်ကိုလိုက်နာရုံဖြင့်မိမိတန်ဖိုးရှိလှစွာသော ကွန်ပြူတာလေးအား Virus ၀င်ရောက်မှု အန္တယ်မှ ရာနှုံး ပြည့်နီးပါးကာကွယ်နိုင်မည်ဖြစ်ပါသည်။
ဦးစွာ အားဖြင့် စကားခံရန်ရှိသည်မှာ ကျွန်တော်သည် Microsoft Platform ဖြစ်သော Microsoft Window XP အားဦးတည် အဓိက ထား၍ရေးသားပါသည်။
Microsoft Window Xp တွင် ပါဝင်သော Media Presentation Feature တစ်ခုဖြစ်သော Autoplay Feature သည် Virus ရေးသားသော သူများအတွက်အဓိက ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။
Autoplay ၏အလုပ်လုပ် ပုံမှာ စကားလုံး အဓိပါယ်အရပင် အလိုအလျောက် အလုပ်လုပ် ခြင်းဟုအကြမ်းဖြင်းအားဖြင့် ဖွင့်ဆိုလျှင် သူဟာ ဥပမာအားဖြင့်
Cd တစ်ခွေ Autoplay ဖို့ရာ အခွေကတော့ Drive ထဲကိုသူ့ဘာသာသူပျံပြီးဝင်သွားမှာတော့မဟုတ်ပါဘူး... အဲဒါဆိုရင် အဖြေကတော့ ကျွန်တော်တို့ Drive
ကို Open လုပ်ပြီး အခွေကို ထည့် .. Drive ကို Close လုပ်လိုက် တာနဲ့ Autoplay က စတင် အသက်ဝင်ပါတယ်။
Usb Thumb Drive တစ်ခုအလုပ်လုပ်ပုံကလည်းထို့နည်းတူပဲပေါ့... Usb Port မှာ Attach လုပ်လိုက်တာနဲ့ စတင်အလုပ်လုပ်ပြီပေါ့..
ဟုတ်ပါပြီ ကျွန်တော်တို့ Autoplay ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ဆက်ပြောကြည့်ပါမယ်.
Window Xp မှာဆိုရင် .. Media တစ်ခုကို Attach လုပ်လိုက်ပြီဆိုရင် အရင် ဆုံး( Hardware အချင်းချင်းဆက်သွယ်မှူ ..Firmware တွေအလုပ်လုပ်တာကိုတော့မပြောတော့ပါဘူး..)(မသိလဲမသိပါဘူး)
File တွေ Folder တွေရဲ့ Capacity အတွက် ရယ် Freespace အတွက်ရယ် Information ပြသဖို့အတွက် Drive ကို Overall Scan လုပ်ပါတယ် ..
Over all Scan လုပ်ရင်းနဲ့ Autoplay.inf ရယ် Autoplay.ini (စတဲ့ System အညွန်း File) တွေကိုတွေ့ရင် File ထဲကိုဝင်ဖတ်ပါတယ် အထဲပါတဲ့ Instruction အတိုင်း ကိုလိုက်နာပါတယ်
လိုက်နာလေ့ရှိတဲ့စာသားတွေကတော့ ဒီလိုပါ..
အရင်ဆုံး ဒီလို ကြေညာပါတယ်
[Autoplay]
ဒါက Optional declare ဖြစ်ပါတယ်..
အောက်မှာ တော့ Command Line တွေပါလာပါမယ်
High Level Language လိုပါပဲ အလွန်နားလည်လွယ်တဲ့ စကားလုံးလေးသုံးထားကြတာပါ...
Open= something.exe (Drive ကို Attach လုပ်လိုက်တာနဲ့ စတင်အလုပ်လုပ်စေလိုတဲ့ Program ကိုညွန်းဆိုပါတယ်)
သဘောကတော့ ကျွန်တော်တို့ Drive ကို Attach လုပ်လိုက်တာနဲ့ ဒီ Program လေးက စတင်အလုပ်လုပ်ပါပြီ..
Virus ဆိုရင်တော့ ကိုက်သွားပြီပေါ့ဗျာ...
အဲဒီတော့ အဲဒါကို ကာကွယ်ရမှာ ဒီလိုပါ..
Run Box ထဲမှာ (Start Menu>>Run )
Gpedit.msc လို့ရိုက်ပြီး Enter ခေါက်ပါ..
အဲဒီက ဘယ်ဘက် Panel ထဲမှာ.. ComputerConfiguration ရယ် UserConfiguration ရယ် နှစ်ခုရှိပါတယ်..
နှစ်ခုလုံးထဲမှာ ၀င်ရှာပြီး Autoplay ကို ပိတ်ရပါမယ်
Admistrative Tamplate>>System ထဲမှာ TurnoffAutoplay ဆိုတာရှိပါတယ်..
အဲဒါကို Enable ပေးပြီး All Drive ကို ရွေးချယ်ပါ..
ရပါပြီ. သူ့ဘာသာသူ Autoplay တာကိုတော့ ပိတ်နိုင်သွားပါပြီ..
နောက်ထပ် Autoplay နိုင်တာတစ်ခုကတော့
ကျွန်တော်တို့ က Drive ထဲကိုဝင်မယ်ဆိုတဲ့ အချိန်မှာ Autoplay မှာပါ..
များသောအားဖြင့် ကျွန်တော်တို့ရင်းနှီးထားတာက Drive တစ်ခုကို Access လုပ်မယ်ဆိုရင် Double Click ခေါက်တာတို့ Right Click ခေါက်ပြီး Explore တို့ Open တို့နဲ့ဝင်တာပါပဲ..
ဟုတ်ကဲ့ Autoplay ကအဲဒီအချိန်မှာလည်း အလုပ်ဝင်လုပ်ပါသေးတယ်
ရေးထားတဲ့ပုံစံကတော့
Shell\explore = Explore (Right Click ခေါက်လိုက်တဲ့ အချိန်မှာ ပေါ်လာတဲ့ Menu မှ Option ကို Explore လို့ရေးလိုက်တာပါ တခြားစာရေးရင် Explore ပျောက်သွားပါမယ်)
Shell\explore\Command = virus.exe (Explore ကို Choice လုပ်လိုက်မယ်ဆိုရင် Run ပေးရမယ့် Program ကို Override လုပ်လိုက်တာပါ..)
Default မှာ Window Explore ကို ခေါ်ပေးရမှာဖြစ်ပါတယ် .. Override လုပ်လိုက်တဲ့ အချိန်မှာတော့ နောက်ဆုံးခိုင်းတဲ့ အမိန့်က အတည်ဖြစ်ပါတယ်.။
အဲဒီတော့ Drive တစ်ခုကို R Click ခေါက်လိုက်မယ်ဆိုရင် ပေါ်လာတဲ့ Menu ထဲက အပေါ်ဆုံး (သို့) Bold Letter နဲ့ရေးထားတဲ့ Command က Default Action ဖြစ်တဲ့ အတွက်
Double Click ခေါက်တဲ့ အချိန်မှာ အဲဒီ Command ကအလုပ်လုပ်ပါလိမ့်မယ်။
အဲဒါကိုကာကွယ်ဖို့နည်းလမ်း အကောင်းဆုံးကတော့ Double CLick မခေါက်ပါနဲ့ RightClick ကနေ ကလည်းမ၀င်ပါနဲ့လို့ပဲပြောစရာရှိပါတော့တယ်..
ဘယ်လိုဝင်မလဲဆိုတဲ့နည်းလမ်းမှာ အကောင်းဆုံးလို့ယူဆထားရတဲ့ နည်းလမ်းတစ်ခုက တော့ MyComputer ကိုဖွင့်ပါ..
View Menu မှာ Explore ကို Folder လို့ Check ပေးလိုက်ရင် ဘယ်ဘက်မှာ TreeView Panel ပေါ်လာပါမယ်...အဲဒီကနေပဲ
Single Click နဲ့ Click ခေါက်ပြီး Access လုပ်ပါလို့ အကြံပြုပါတယ်..
နောက်တစ်ခုဖြည့်စွက်ပြောချင်တာက Folder Option ထဲကနေပြီး Hide Extension For Known File Type
ဆိုတာလေးကို uncheck လုပ်ထားလိုက်ပါ..
ခုတွေ့တွေ့နေရတဲ့ Virus အများစုက Dirve တစ်ခုထဲမှာ ရှိတဲ့ Folder တွေကို Hide လုပ်လိုက်တယ်..
ပြီးရင် သူ့ကိုယ်သူ Icon ကို Folder ပုံပေးလိုက်တယ်.. နာမည်ကိုလဲဖျောက်လိုက်တဲ့
File ရဲ့ Name အတိုင်းပေးလိုက်ပါတယ်
အဲဒီမှာ User က သူ့Folder ထင်ပြီး Double Click ခေါက်လိုက်တာနဲ့ Virus က ပြန်လည် အသက်ဝင်သွားပါတယ်
ဒါကြောင့် Folder View ကနေ၀င်တာသည် သာ အကောင်းဆုံးဖြစ်နိုင်ပါတယ်
Folder View ထဲမှာ Folder တွေသာပြပါတယ် Folder ယောင်ဆောင်ထားတဲ့ Virus ဟာ File တစ်ခုဖြစ်တဲ့ အတွက် Folder View ထဲမှာ မပေါ်ပါဘူး
အဲဒီတော့ Virus တစ်ခါဝင်ပြီ်းတိုင်းမှာ
Search ကနေ ဒီလိုရှာပါ..
Search ကိုဖွင့်ပါ..
All file and Folder ကိုရှာမယ်လို့ရွေးချယ်ပါ..
ပြီးရင် အပေါ်က The Name of the file that you want to search .မှာ *.exe
ကိုရိုက်ထည့်ပါ..။
ပြီးရင် ရှာပါ...
Folder ပုံစံ နဲ့နောက်မှာ .exe ကိုတွေ့ရင် ဖျက်ပစ်ပါ..
Original Folder တွေကတော့ Hidden ဖြစ်နေတာဖြစ်တဲ့ အတွက် Folder Option ကိုပြန်ခေါ်ပြီး
Show Hidden Folder ကို Check လုပ်ပါ
Hide Operating File ဘာညာ ကို Uncheck လုပ်ပါ
Original Folder တွေကိုပြန်တွေ့ပါလိမ့်မယ်
Hidden Attribute ကိုဖျောက်တဲ့ Command ကတေါ့
Attrib -s -h -r D:\*.* /s /d
အဲဒီ Command မှာ D ကပြန်ဖေါ်ချင်တဲ့ File တွေ Folder တွေရှိတဲ့ Drive ရဲ့ Name ဖြစ်ပါတယ်..
အားလုံး အဆင်ပြေပါစေဗျာ..
Virus က အဓိက registry ကို ကိုင်တွယ်ပါတယ်..
ဒါကြောင့် registry ထဲက Autorun ပေးထားလို့ရတဲ့နေရာတွေကိုလေ့လာထားပါ..
Virus က အဲဒီနေရာတွေမှာ ၀င်ရေးချင်းအားဖြင့် Computer ဖွင့်တိုင်းမှာ သူတို့ ကို သူတို့ လန်းနေအောင်လုပ်ထားပါတယ်ပေါ့ဗျာ...
ဒါကြောင့် Virus သတ်ပြီးတိုင်းလဲ Registry ထဲမှာ သူတို့ရဲ့ Value တွေကို ပြန်ပြီး ဖျက်ပေးရပါမယ်။
လေ့လာသုအပေါင်းကို ကျေးဇူးတင်ပါတယ်
ကျွန်တော်ရေးချင်နေတာတော့ကြာခဲ့ပါပြီ ဗျာ.. မအားလပ်ခဲ့လို့ပါ
ဒါလဲ (၂) ပါတ်လောက်ကို အချိန်ယူပြီးရေးထားတာပါ
ဒါကြောင့် ဖတ်ရှု့သူအပေါင်းကို ကျေးဇူးအထူးတင်ပါတယ်။
ကျွန်တော့ နာမည်ပါပါ မပါပါ ဒီ Post လေးကို လက်လှမ်းမှီသလောက် Forum တွေမှာ
ဖြန့်ဖြူးပေးကြပါ..
ကျွန်တော် မြန်မာစာ နဲ့ မြန်မာတွေ နားလည်လွယ်အောင်ကြိုးစားရေးထားပေးတာပါဗျာ..။
Copy လေး ကူး Past လေးချ Submit လေးတော့ လုပ်ပေးကြပါလို့။

Virus ကင်းဝေးစွာဖြင့်မိမိတို့ Computer လေးကို အသုံးပြုနိုင်ပါစေ
လေးစားစွာဖြင့် ဇော်ကို..

( Myanmar IT Development Site မှ ကိုဇော်ကို ၏ Post လေးကို ကူးပြီး တင်ထားတာပါ။ အခုလို တင်ခွင့်ပေးထားတဲ့အတွက်လည်း ကိုဇော်ကို အထူးကျေးဇူးတင်ပါတယ် )

Monday 27 April 2009

အဆုပ်ရောဂါကာကွယ်ရန်အတွက် အစိမ်းရောင်ပန်းဂေါ်ဖီစားသုံးသင့်


အစိမ်းရောင်ပန်းဂေါ်ဖီစားသုံးခြင်းသည် အဆုတ်အတွက် အထောက်အကူပြုကြောင်းသိရှိရသည်။ နောက်ဆုံးတွေ့ရှိသော သုတေသနရလဒ်များအရ အစိမ်းရောင်ပန်းဂေါ်ဖီတွင်ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ခံနိုင်ရည်အားကို တိုးမြှင့်ပေးသည်ဟု ဖော်ပြလျက်ရှိသည်။ ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူ(၃၀၀၀၀)ခန့်မှာ စီးကရက်အလွန်အမင်း သောက်သုံးမှုကြောင့် အဆုတ်ရောဂါများဖြစ်ပွားပြီး သေဆုံးလျက်ရှိနေသည်။ အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ်အတွင်းရှိ ရောဂါကာကွယ်သောဆဲလ်များကို ပိုမိုလှုပ်ရှားအသက်ဝင်စေသည်ဟု တွေ့ရှိခဲ့သည်။ ထိုဓာတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ကြွယ်ဝစွာပါရှိသည်။ NRF2ဟုခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ်အတွင်း အဆိပ်အတောက် ဖြစ်ပွားစေနိုင်သော ပမာဏကို လျော့ကျစေနိုင်ပြီး ထိုဆဲလ်များကို နိုးကြားစေမည့် လှုံ့ဆော်မှုမျိုးအား အစိမ်းရောင်ပန်းဂေါ်ဖီတွင်ပါဝင်သည့် ဆာလ်ဖိုရာပိန်းက လုပ်ဆာင်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သည်။ အမေရိကန်နိုင်ငံထုတ် Respiratory and Critical Care ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြထားမှုအရ အဆုတ်တွင်းညစ်ညမ်းမှုများနှင့် အဆုတ်ကင်ဆာရောဂါများအား ကာကွယ်နိုင်ရန်အတွက် အစိမ်းရောင်ပန်းဂေါ်ဖီအား များများစားသုံးရန် တိုက်တွန်းထားကြောင်း ပါရှိသည်။ သိပ္ပံပညာရှင်များအနေနှင့် အစိမ်းရောင်ပန်းဂေါ်ဖီဖြင့် အဆုတ်ရောဂါများ၏ ခြိမ်းခြောက်လာမှုအား တွန်းလှန်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်နေကြသည်။ ဗြိတိန်နိုင်ငံ အဆုတ်ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ယခုတွေ့ရှိမှုမှာ အလွန်အရေးပါသော စွမ်းဆောင်မှုတစ်ခုဟု ပြောဆိုသွားသည်။ ၎င်းက အစိမ်းရောင်ပန်းဂေါ်ဖီတွင် လူသားတို့၏ကျန်းမာရေးအား အထောက်အကူပြုစေနိုင်သော သဘာဝဒြပ်ပေါင်းများ ပါရှိသည်ကို ယျေဘူယသိရှိပြီးဖြစ်သော်လည်း အဆုပ်ရောဂါများအတွက် အလွန်အစွမ်းထက်သည့် အခြေအနေတစ်ရပ် ဖန်တီးနိုင်မည်ဟု သဘောမပေါက်ခဲ့ကြောင်း ပြောကြားသွားသည်။

( Planet Health News ကနေ ဖတ်မိလို့ တင်ထားတာပါ။ အားလုံးကို သိစေချင်တဲ့ဆန္ဒနဲ့ပါ။ သူငယ်ချင်းတွေ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ ........... )

မေတ္တာမွန်ဖြင့် Sandi

သာမည ဆရာတော်ဘုရားကြီးမှ အထူးပေးသော “ လိုတရ ဂါထာတော် ”

“ သိဒ္ဓိဘုရား ၊ နားမှာဗြဟ္မာ ၊ လက်မှာသိကြား ၊ ခါးမှာဘီလူး ၊ ဒူးမှာခြင်္သေ့ ၊ ခြေမှာနင်္ဂါး ၊ ကိုယ်မှာ ဂဠန်၊ အစောင့်ထား၏ ။ ကကုသ ၊ ဂေါဏဂုံ ၊ ကဿပ ၊ ဂေါတမ ၊ အရိမေတ္တယျ ၊ ဒီပင်္ကရာ မြတ်စွာဘုရားကို ၊ ကိုးကွယ်ပါ၏ ။ ဓါတ်တော်ဝင် ၊ မဟာဝင် ၊ ဧရာဝင် ၊ မဟာဝိနယော ၊ ဗောဓိရှစ်တန် ၊ ညဏ်တော် (၁၈)ပါး ၊
ဘုရား ၊ တရား၊ သံဃာတော်နှင့် ရွှေအဆင်းအလား ၊ ဦးခေါင်းတော်က မြင့်မိုရ်တောင် ၊ မျက်လုံးတော်က ပုလဲရောင်သွယ် ၊ သွားတော်က ၀ရဇိန် ၊ လည်တော်ကသံချောင်း ၊ မဏိဗောဓိရွှေညောင်ပင်က ၊ ပွင့်တော်မူပါ၏။ လေးသင်္ချေ ၊ ကမ္ဘာတစ်သိန်း ၊ ပါရမီဖြည့်လာသော ဘုရား ၊ သားတော် သမီးတော်တို့ကို ၊ ဆင်းရဲဒုက္ခ ၀ဋ်ဆင်းရဲမှ လွတ်ကင်းအောင် ၊ ချမ်းသာသုခဘ၀သို့ရောက်အောင် ပို့ဆောင်နိုင်သော အရှင်ဘုရား ၊ ချမ်းသာအောင် စောင့်ရှောက်တော်မူပါ အရှင်ဘုရား ။ ”


ချမ်းသာလိုလျှင် - ၁၂ ခေါက်
အမှုကင်းရှင်းလိုလျှင် - ၉ ခေါက်
ပစ္စည်းပျောက်လျှင် - ၃ ခေါက်
နေထိုင်မကောင်းလျှင် - ၇ ခေါက်
ခရီး၊ စစ်တိုက်လျှင် - ၅ ခေါက်

သဗ္ဗေသတ္တာ ကမ္မသက္ကာ

စိတ်အေးချမ်းသာ “ ၀ ” ကိုးလုံး ဂါထာ

ဝရဗုဒ္ဓေါ ၊ ၀ရဓမ္မော ၊ ၀ရသံဃော ၊

ဝရိသာရော ၊ ၀ရစေတော ၊ ၀ရံဒေတု ၊

ဝရေဟိမေ ၊ ၀ရံ ၀ရံ ။ ။

( ၎င်းစိတ်အေးချမ်းသာ “ ၀ ” ကိုးလုံးဂါထာ အား နေ့စဉ်မနက်စောစော မည်သည့်အစားအသောက်မှ မသုံးဆောင်မှီ သက်စေ့ ရွက်ပြီးမှ မိမိတို့၏ လုပ်ငန်းများအား လုပ်ကိုင်ကြပါ။ စိတ်အေးချမ်းသာ သာယာပါလိမ့် မည်။ )