Tuesday 12 May 2009

မှတ်သားမိတဲ့ စကားလေးတွေ

လူတွေသည်၊ အကြောင်းအကျိုးမသိ၊ ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊ အတ္တစိတ်လည်း များလှ၏....။ မည်သို့ဖြစ်စေ၊ မေတ္တာထားလိုက်ပါ။
Peoples are unreasonable, illogical and self-centered. Love Them Anyway.

  • လူတွေသည် ကောင်းသောအမှု သင်မည်မျှပြုသော်လည်း မရိုးမသား ကိုယ့် အကျိုးစီးပွား အတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်.....။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။
    If you do good, people will accuse you of selfish ulterior motives. Do Good Anyway.

  • သင် အောင်မြင်လာပြီဆိုလျှင် သင့်၌ မိတ်ဆွေ အတုအယောင် များရော၊ ရန်သူစစ်စစ်များပါ ရရှိလာလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ အောင်မြင်ရန်သာ အားထုတ်ပါ။
    If you are successful, you will win false friends and true enemies. Succeed Anyway.

  • ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာပြောဆိုခြင်းတို့ကြောင့် သင့်မှာ ထိခိုက်စရာတွေ ကြုံချင်ကြုံရလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ ရိုးဖြောင့်ပွင့်လင်းစွာ ပြောဆိုဆက်ဆံပါ။
    Honesty and frankness make you vulnerable. Be Honest And Frank Anyway.

  • သင် ယနေ့ပြုသည့် ကောင်းမှုကုသိုလ်ကို မနက်ဖြန် သူတို့ မေ့လျှော့ကောင်း မေ့လျှော့ကြလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။
    The good you do today will be forgotten tomorrow. Do Good Anyway.

  • အကြီးအကျယ်ဆုံး စိတ်ကူးဥာဏ်ရှိသည့် အမြင့်မားဆုံး ပုဂ္ဂိုလ်သည်လည်း အနုံချာဆုံးစိတ်ထားရှိသည့် အသေးအမွှားဆုံး ပုဂ္ဂိုလ်ထံ ဝေဖန်ခြင်း၊ ကဲ့ရဲ့ အပုပ်ချခြင်း ခံချင်ခံရနိုင်သည်.....။ မည်သို့ပင်ဖြစ်စေ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာ စဉ်းစားကြံစည်ပါ။
    The biggest people with the biggest ideas can be shot down by the smallest people with the smallest minds. Think Big Anyway.

  • လူတွေသည် နိမ့်ပါးသူကို စေတနာပိုတတ်သည် ဆိုသော်လည်း အပေါ်စီးရသူ၊ ထိပ်ဆုံးလူများ နောက်သို့သာ လိုက်ပါတတ်ကြသည်.....။ မည်သို့ပင်ဖြစ်စေ အချို့သော နိမ့်ပါးသူ အောက်လူတို့အတွက် ရပ်တည်ပေးပါ။
    People favor underdogs but follow only top dogs. Fight For Some Underdogs Anyway.

  • နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သည့်အရာ နေ့ချင်းညချင်း ဖြိုလဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ တည်ဆောက်စရာရှိတာသာ ဆက်၍တည်ဆောက်ပါ။
    What you spent years building maybe destroyed overnight. Build Anyway.

  • ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးသော်လည်း၊ သင့်အား ခါးသီးနာကျည်းဖွယ် တုံ့ပြန်ကောင်း တုံ့ပြန်လိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ သင့်မှာရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲ သင်ပေးပါ။
    Give The World the best you have and you'll get kicked in the teeth. Give The World The Best You're Got Anyway.
  • လူတစ်ယောက်နဲ့ ရန်ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သူနဲ့ တန်းတူဖြစ်အောင် အဆင့်နိမ့်လိုက်ခြင်း ဖြစ်သည်။
  • ကိုယ့်စိတ်ကို သူများက ၀မ်းနည်းအောင်၊ ၀မ်းသာအောင် လုပ်လို့ရနေပြီဆိုရင်၊ ကိုယ်က သူ့လက်ခုတ်ထဲကရေ ဖြစ်သွားပြီ။

  • ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့်ကျေးဇူးရှင်လို့ သဘောထားပါ။
  • ကိုယ်က သူများကို အပြစ်တင် ရှုံ့ချနေတာဟာ သူဘယ်လိုလူလဲ ဆိုတာ မပေါ်လွင်ဘူး။ ကိုယ်ဘယ်လိုလူလဲ ဆိုတာ တော့ သေသေချာချာ ပေါ်လွင်သွားပြီ။
  • သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာရှာကြည့်ပါ။ ရှိနေတတ်ပါတယ်။ သူတစ်ပါးမှာ ကောင်းတာမြင်ရင်လည်း အဲဒီလို ကောင်းတာကော ငါ့မှာ မရှိဘူးလား။ ရှိရင်ကောင်းပါတယ်။ မရှိသေးရင် ရှိအောင်လုပ်ရမည်။
  • ကိုယ်စိတ်ကို ကိုယ်သိတာဟာ လူ ကလွဲလို့ တခြား ဘယ်သတ္တ၀ါမှ မလုပ်နိုင်ပါဘူး။ ဒါဟာ လူသားရဲ့ ထူးခြားတဲ့ အရည်အချင်းပါ။ ဒီအလုပ်ကို မလုပ်သေးသ၍ လူ မပီသသေးသူ၊ အဆင့်မြင့်လူသား မဖြစ်သေးသူ ဖြစ်နေမှာပါ။
  • သတိနဲ့ နေတာများလေလေ -> လူကြီးဆန်လေလေ၊ ရင့်ကျက်လေလေပါပဲ။
  • ပစ္စုပ္ပန်ဟာ တန်ဖိုးအရှိဆုံးပါ။ အနာဂါတ်ကို မျှော်ပြီး ပစ္စုပ္ပန်ကို မဖြုန်းသင့်ပါ။
  • ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူ၊ ကိုယ့်အလုပ်ကိုကိုယ် အတက်နိုင်ဆုံး ကောင်းအောင် လုပ်တဲ့သူဟာ သူ့ဟာသူ စိတ်ကျေနပ်မှု ရနေတယ်။ စိတ်ချမ်းသာနေတယ်။ ပျော်နေတယ်။ သူများချီးမွမ်းတာ အပေါ်မှာ မှီခိုမှု မရှိဘူး။ လွတ်လပ်နေတယ်။
  • ပျော်ပျော်နေပါ။ ပေါ့ပေါ့တန်တန်မနေပါနဲ့။
  • လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံ ခွင့်မလွတ် နိုင်တဲ့သူတွေဟာ အဖေါ်မဲ့တတ်တယ်။ သူများအကြောင်း မကောင်း ပြောတတ်သူ တွေမှာလည်း အဖေါ်မဲ့ တတ်တယ်။
  • ခွင့်လွတ်ခြင်း ဆိုသည်မှာ ပျော့ညံ့ခြင်းမဟုတ်၊ သတ္တိရှိခြင်းသာ။
  • သင်ဘယ်လို လူလဲဆိုတာ သိချင်လျှင် သင့် ပတ်ဝန်းကျင်က လူတွေကို အကဲခတ်ပါ။ သင်နှင့် သင့်ပတ် ၀န်းကျင်က လူတွေရဲ့ ဆက်ဆံရေးဟာ သင့်ကိုသင် ဘယ်လိုလူလဲဆိုတာ ဖေါ်ပြနေပါတယ်။
  • သူများကိုနိုင်ချင်တာ ကလေးဆန်တဲ့စိတ်၊ သူများကို အပြစ်ရှာချင်တာ မရင့်ကျက်တဲ့စိတ်။
  • သူများကို ဘယ်လိုလူစား လို့ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစား လို့ပြောတာနဲ့ တူပါတယ်။

  • အများနှင့် အဆင်ပြေပြေ နေနိုင်ခြင်း သည် မြင့်မားသော စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဖြစ်သည်။

(( အိုင်တီဆိုက်မှာ ၀င်ဖတ်ရင်း မှတ်ယူထားခဲ့တာပါ။ သူငယ်ချင်းတွေ လည်းအကျိုးရှိမယ်ထင်လို့ Share ပေး လိုက်တယ်နော်........ ))

ဆင်ခြင်တွေးဆ နိုင်ကြပါစေ .........
စန္ဒီ

1 comment:

ADMIN said...

Thanks for reposting my quotes on your blog. It's not a problem by reposting . However, you

have to follow the instruction that is written at the bottom of the posts to refer to the original

link.

It costs you nothing.
Hope you will cooperate.

Slip
http://www.meepyatite.info/2008/04/blog-post.html